ကဗျာတစ်ပုဒ်ရေးချင်မိရဲ့
စိတ်အာရုံတွေ စုစည်းလို့မရ
အဖြစ်အပျက်တွေကြားမှာ
ငါ့စိတ်တွေ ထွေးပြား
အရူးတစ်ပိုင်း ဖြစ်နေပေါ့
ကျေးဇူးပြုပြီး ငါအိပ်ရေးဝဝ အိပ်ခွင့်ရချင်တယ်။
တချို့က မီးစိမ်းတွေ လင်းနေကြ
တချို့က အလင်းမပြပေမဲ့
အမှား အမှန် ဟုတ် မဟုတ်
စမ်းတဝါးဝါးနဲ့ အဖြေညှိနေကြ
ငြင်းခုန်နေကြ ဒေါပွနေကြ
ဖြားယောင်းမှုတွေကြားမှာ
ငါတို့လမ်းပျောက်နေပြီ။
စိတ်အာရုံတွေ စုစည်းလို့မရ
အဖြစ်အပျက်တွေကြားမှာ
ငါ့စိတ်တွေ ထွေးပြား
အရူးတစ်ပိုင်း ဖြစ်နေပေါ့
ကျေးဇူးပြုပြီး ငါအိပ်ရေးဝဝ အိပ်ခွင့်ရချင်တယ်။
တချို့က မီးစိမ်းတွေ လင်းနေကြ
တချို့က အလင်းမပြပေမဲ့
အမှား အမှန် ဟုတ် မဟုတ်
စမ်းတဝါးဝါးနဲ့ အဖြေညှိနေကြ
ငြင်းခုန်နေကြ ဒေါပွနေကြ
ဖြားယောင်းမှုတွေကြားမှာ
ငါတို့လမ်းပျောက်နေပြီ။
ခွဲခန်းထဲကသွေးတွေ
စစ်မြေပြင်က သွေးတွေ
အတူယှဉ်မိရဲ့
အရောင်အတူတူပဲ
ဒါပေမဲ့ အဓိပ္ပာယ်တွေ အကွဲကွဲ အလွဲလွဲ
အမျိုးမျိုးဖွင့်ဆိုရင်းနဲ့
စည်းတားနေကြ
ငါဆုတောင်းတယ်
စစ်မြေပြင်က သွေးတွေရပ်တန့်ပါစေသား
လရေးနှစ်ချောင်းနင် 'လူ'ဖြစ်ခွင့်ရတဲ့
ငါတို့တွေ့ဟာ ...
ဒီဘဝ အခိုက်အတန့်မှာ
ခဏတာ တွေ့ဆုံကြတာလေ။
တော်ကြပါတော့
တော်ကြပါတော့ တော်ကြပါတော့
တော်ကြပါတော့ တော်ကြပါတော့ တော်ကြပါတော့
တော် ... ကြ ... ပါ ... တော့ ......... ။
အာကာခေတ်ပိုင်
၂၅.၃.၂၀၁၃
၂၅.၃.၂၀၁၃
0 comments:
Post a Comment
ဝေဖန် အကြံပြုခဲ့ပါအုံး