22.5.13

ဝေဖန်မှု


အဲဒီလက်နက်က
စိတ်ဓာတ်ကို ပရမ်းပတာ ထိုးနှက်
ခေါင်းမဖော်ဝံ့အောင်
ခြေမှုန်းဖျက်ဆီးတယ်။


အဲဒီလက်နက်ကို
မဆင်မခြင်ထုတ်သုံး
တစ်ပါးသူ ဆုံးဆုံးမြုပ်အောင်
အရောင်ဆိုးတယ်။
အဲဒီလက်နက်ကြောင့် တချို့တချို့တွေ
သေဆုံးခဲ့ကြ၊ ရှင်သန်ခဲ့ကြ
မှောင်သွားခဲ့ကြ၊ လင်းလာခဲ့ကြ
ဝမ်းနည်းခဲ့ကြ၊ ပျော်ရွှင်ခဲ့ကြ
မုန်းသွားခဲ့ကြ၊ ချစ်လာခဲ့ကြ
ပေးဆပ်ခဲ့ကြ၊ ရယူခဲ့ကြ
ကျရှုံးခဲ့ကြ၊ အောင်မြင်ခဲ့ကြ
တကယ်လို့ ဒီလက်နက်ကို
စနစ်တကျ မသုံးစွဲရင်
အဖြစ်အပျက်တွေကြားမှာ
အင်မတန် အန္တရာယ်ကြီးသွားမယ်။
---------
အာကာခေတ်ပိုင်
(၁၉.၅.၂၀၁၃)

5 comments:

  1. တကယ်လို့ ဒီလက်နက်ကို
    စနစ်တကျ မသုံးစွဲရင်
    အဖြစ်အပျက်တွေကြားမှာ
    အင်မတန် အန္တရာယ်ကြီးသွားမယ်

    မှန်လိုက်လေ ဆရာရေ ... :)))
    (ဒါထက် တဆိတ်...မဆင်မခြင်လို့ ပြောချင်တာမဟုတ်လား ဆရာ..
    ဆရာလုပ်တာ မဟုတ်ရပါ...စေတနာနဲ့ ပြင်ပေးသွားခြင်းသာ )

    ReplyDelete
  2. ပြင်ပြီးသွားပြီ
    မှားတတ်လို့ ဂရုစိုက်နေတဲ့ကြားက မှားဖြစ်အောင် မှားသွားသေးတယ်
    ထောက်ပြတာ ကျေးဇူးတင်ပါတယ် :)

    ReplyDelete
  3. ဟုတ်ပါ့ဗျာ အဲလက်နက် .......... ။

    ReplyDelete
  4. သတိထားသုံးပါ့မယ်..

    ReplyDelete

ဝေဖန် အကြံပြုခဲ့ပါအုံး