20.5.13

လူ

ပြောသင့်၊ မပြောသင့်၊
စားသင့်၊ မစားသင့် မသိ
ပါးစပ်ကို လိုတာထက် ပိုလှုပ်ရှားခိုင်းတယ် …
ကောင်းကောင်း၊ မကောင်းကောင်း
အကျိုးရှိရှိ၊ မရှိရှိ မစဉ်းစား
လျှာကို လိုတာထက် ပိုအလုပ်ပေးတယ် …


ခံစားသင့်၊ မခံစားသင့်
ချစ်သင့် ၊ မချစ်သင့် မဝေခွဲ
နှလုံးသားကို လိုတာထက် ပိုရှေ့တန်းတင်ကြတယ် ….
အနံ့ရှိရှိ၊ မရှိရှိ
သန့်ရှင်းရှင်း၊ မရှင်းရှင်း မခွဲခြား
အဆုတ်ကို လိုတာထက် ပိုရှူသွင်းခိုင်းတယ် …
ဒီလိုနဲ့ နေ့စဉ်
မကြည့်သင့်၊ မကြားသင့်
မလုပ်သင့်၊ မစွဲမက်သင့်တာတွေကို
ထွေးပိုက် နစ်မြောရင်း
အစွမ်းရှိသလောက်
အသုံးချသင့်သလောက်
အလုပ်လုပ်ခိုင်းဖို့ ဦးနှောက်ကို
ဘာလို့များ မေ့နေကြပါလိမ့်။

-------------------

အာကာခေတ်ပိုင်
(၁၇.၅.၂၀၁၃)

2 comments:

  1. မမေ့ပါဘူး.. ပုထုဇဉ်ဆိုတော့ကာ.. အားလုံးကနေ မရုန်းထွက်နိုင်သေးတာပဲ ဖြစ်ပါလိမ့်မယ်..။

    ReplyDelete

ဝေဖန် အကြံပြုခဲ့ပါအုံး