25.4.14

ပေါက်မဲ

ကျောင်းသွားခါနီး သားလေးက သူ့အဖေခြင်ထောင်ထဲကို ဝင်လာပြီး ''ဖေဖေ သားကျောင်းသွားတော့မယ်။ မုန့်ဖိုးပေး''လို့ မဝံ့မရဲလေးနဲ့ ပြောတယ်။ သားအသံကြားတော့ အဖေလုပ်သူနိုးလာပြီး မျက်စိနှစ်ဘက်ကို ပွတ်တယ်။ ပြီးတော့ အကြောဆန့်လိုက်ရင်း ''သားမေမေက ဘယ်သွားတုန်း။ မုန့်ဖိုးမပေးခဲ့ဘူးလား'' ''မေမေ မနက်အစောကြီးကတည်းက ဈေးရောင်းထွက်သွားပြီ။ ဒီနေ့ ကုန်စိမ်းဝယ်လိုက်တာ ပိုက်ဆံမရှိတော့လို့ သားဖေဖေဆီက တောင်းတဲ့...

မေ့အပြုံးက အပြာရောင်စမ်းချောင်းလေးထက် ပိုအေးချမ်းတယ် ...

လေဟာနယ်တစ်ခုထဲသို့ ဆွဲပစ်ခံရသူတစ်ယောက်ပမာ ရင်ထဲမှာ ဘာမှမရှိတော့သလို ဟာခနဲ ခံစားလိုက်ရသည်။ ပြန်လည်ငြင်းဆန်ဖို့ ကြိုးစားကြည့်ပါသော်လည်း ပါးစပ်က အာစေးထည့်ထားသလို စကားလုံးတို့ ပွင့်အံမလာခဲ့။ အဓိပ္ပာယ်အမျိုးမျိုးဖြင့် ဝိုင်းကြည့်နေကြသည့် လူအုပ်ကြီး။ တချို့က အံ့သြမှုကြောင့် စုတ်တသပ်သပ်။ တချို့က မဖြစ်နိုင်ဘူးဆိုသည့်သဘောဖြင့် ခေါင်းတယမ်းယမ်း။ တချို့က ရွံ့မုန်းစရာအဖြစ်။ တချို့က ... ။ တချို့က … ။ စုပြုံကျရောက်လာသည့် မျက်ဝန်းများကို ရင်မဆိုင်ရဲတော့သလို ရှက်စိတ်၊ နာကျည်းစိတ်၊ ဝမ်းနည်းစိတ်၊ အားငယ်စိတ်တို့နှင့်အတူ အသားတွေ တဆတ်ဆတ်တုန်ယင်လာသည်။ ခန္ဒာကိုယ်ပေါ်သို့...

ငြိုးမာန်

ခွေးနက်ကြီးတစ်ကောင်က ကျွန်တော်နောက်ကနေ မာန်ဖီပြီး အသည်းအသန်လိုက်နေတယ်။ ခွေးနက်ကြီးရန်က လွတ်အောင် ကျွန်တော်က ရှေ့ကနေ အသည်းအသန်ပြေး ခွေးနက်ကြီးက နောက်က လွှားခနဲ့ လွှားခနဲ လိုက်နဲ့ တကယ့်ကို တုန်လှုပ်ချောက်ချားစရာပါပဲ။ အော်ဟစ်အကူအညီတောင်းဖို့လည်း လမ်းတစ်လမ်းလုံး လူသူကင်းမဲ့နေတယ်။ ညကလည်း မှောင်မိုက်တိတ်ဆိတ်လို့။ ဘယ်လောက်ပဲ သွေးရူးသွေးတန်းပြေးပြေး နောက်ဆုံးတော့  ခွေးနက်ကြီးက မီသွားတဲ့အခါချည်းပဲ။ တစ်ခါတလေ ခွေးနက်ကြီးပါးစပ်ကို အားသကုန်ဖြဲပြီး အနိုင်သတ်နိုင်တဲ့အခါရှိသလို တစ်ခါတလေ ခွေးနက်ကြီးက ကျွန်တော့်နောက်ကနေ ခုန်အုပ်လိုက်ပြီး ကျွန်တော့်လည်ပင်းကို...

27.1.14

Facebook Syndrome ( ဖေ့ဘွတ်ခ်ရောဂါ)

အလုပ်က ခွင့်ယူပြီး မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ မိဘနှစ်ပါးဆီ စိတ်လက်ပေါ့ပါးလန်းဆန်းပြီး ပြန်ခဲ့တယ်။ အညာရွာဆိုတဲ့အတိုင်း ကျွန်တော်တို့ရွာလေးက သစ်ပင်ကျိုးတို့ကျဲတဲနဲ့ တိတ်ဆိတ်ခြောက်ကပ်လို့။ ကျွန်တော်တို့ရွာက ပျော်ဘွယ်-နတ်မောက် ကားလမ်းမပေါ်မှာ ရှိတော့ အင်တာနက်လိုင်းနည်းနည်းမိတယ်။ တခြားရွာတွေထက် သာတယ်လို့ ကြံဖန်ဂုဏ်ယူရလိမ့်မယ်။ အဲ ဒါပေမယ့် စားဖို့ သောက်ဖို့ ကုန်းရုန်းရှာနေရတာရယ်၊ အင်တာနက်ဆိုတာ ဘာနတ်လဲ၊ ရွာထိပ်မှာ ကိုးကွယ်တဲ့ အဘမြင်းဖြူရှင်နတ်နဲ့ဘာတော်လဲ စတဲ့မေးခွန်းတွေ ပလုံစီနေမှာပဲ။ ပညာရေးအသိပညာနိမ့်တဲ့ ကျွန်တော်တို့ရွာသားတွေက အင်တာနက်လိုင်း ဘယ်လောက်ကောင်းကောင်း မသုံးတတ်ကြဘူး။...

17.12.13

မြူခိုးဝေတဲ့ဆောင်း

''ထိုင်မယ်နော် … ''ဆိုတဲ့ အသံကြောင့် ပါးစပ်ဝရောက်နေတဲ့ ထမင်းဇွန်းကို ပြန်ချပြီး မော့ကြည့်မိတယ်။ အသက်ရှစ်ဆယ်ဝန်းကျင်ရှိမယ့် အဘွားအိုတစ်ဦးက သူ့ကို ပြုံးပြီး စိုက်ကြည့်နေတာကို တွေ့ရတယ်။ သူ ခေါင်းညိတ်ပြချိန် မရခင်မှာဘဲ အဘွားအိုက ခုံတစ်လုံးကို ဆွဲယူပြီး သူ့စားပွဲမှာ ထိုင်ပြီးနေပြီ။ လက်ကဆွဲလာတဲ့ အထုပ်တွေ ပလုံးတွေကို နောက်ထပ် ခုံတစ်လုံး ဆွဲယူပြီး တင်နေတယ်။ အချမ်းဒါဏ်ကို ကာကွယ်နိုင်အောင်ထင်ပါရဲ့။ အနွေးထည် သုံးထည်ကို အထပ်လိုက် ဝတ်ထားတယ်။ ခပ်နွမ်းနွမ်း...

3.12.13

အရောင်မဲ့လိပ်ပြာ

                      အသွားထက်နေသော ဓားနှင့် ဝမ်းဗိုက်ပေါ်ရှိ ချိန်ရွယ်ထားသည့်နေရာတွင် တည့်တည့် ထိုးဖြဲလိုက်သည်။ အရေပြားသည် တိခနဲ ရိခနဲ၊ အဆီပြင်သည်လည်း စွိခနဲ ဗျိခနဲ။ သွေးပုပ်တို့က ဝေါခနဲ ဗြောခနဲ၊ အလုပ်သမား ကိုဝင်းမောင်၏လက်ထဲမှ ကင်မရာသည်လည်း ဖျက်ခနဲ လက်ခနဲ၊ သွေးညှီနံ့နှင့် အော်ကလီဆန်စရာ ပုပ်အဲ့အဲ့နံ့က ထောင်းခနဲ ဟောင်းခနဲ …                      ...

25.11.13

ချယ်ရီပန်းတို့ လန်းစေလို

ပတ်ဝန်းကျင်တစ်ခုလုံး နှင်းမြူများနှင့် အုံ့ဆိုင်းနေသည်။ အရှေ့ဘက်တောင်တန်းကြီးကိုပင် ခပ်ရေးရေးမှေးမှေးအဖြစ်နှင့်သာ မြင့်တွေ့နေရသည်။ နေရောင်ခြည်ထွက်ပေါ်လာလျှင်တော့ ခပ်နွေးနွေးဖြစ်လာပေလိမ့်မည်။ အခုတော့ လေတစ်ချက်ဝှေ့လိုက်တိုင်း ရင်ထဲမှာ စိမ့်ခနဲ သိမ့်ခနဲ အေးချမ်းသွားရသည်။ လမ်းဆင်း လမ်းတက်များကို လျှောက်လာခဲ့ရသဖြင့် ချွေးနည်းနည်းတော့ စို့ချင်လာသည်။ သို့ပေမယ့် ချမ်းအေးလို့နေတုန်း။ ပါးစပ်ဟလိုက်တိုင်း အာငွေ့တွေ ထောင်ထောင်းထလို့နေတုန်း။ ''ဟိုအရင်တုန်းက ဒီလမ်းတစ်လျှောက်မှာ ချယ်ရီပင်ကြီးတွေ ဝေဝေဆာဆာပွင့်ဖူးခဲ့ကြတယ်လို့ ဖေဖေက ပြောဖူးတယ် … ...

21.11.13

တောင်တန်းပျော်

''မကြာမီ အချိန်တွင်းမှာ တောင်တန်းပျော် စိန်နပန်မီးပုံးပျံကြီး လွှတ်တင်တော့မှာ ဖြစ်ပါတယ် … ''လို့ မိုက်ခရိုဖုန်းက ကြောညာလိုက်တယ်ဆိုရင်ပဲ မီးပုံးပျံကွင်းကြီးတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ်။ နှောင် နှောင် နှောင်ပိန်နှောင် နှောင်ပိန်နှောင်ဆိုတဲ့ ရှမ်းအိုးစည်တီးသံနဲ့အတူ ရှမ်းရိုးရာအကနဲ့ သက်ဝင်လှုပ်ရှားလို့။ ရိုးရာသီချင်းတွေကို သံပြိုင်ဟစ်ကြွေးလို့။ ဆလိုက်မီးမောင်းက အဲဒီလူအုပ်ကြီးကို တည့်တည့်ထိုးထားတယ်။ သူတို့ရဲ့မျက်နှာတွေပေါ်မှာ ပျော်ရွှင်တက်ကြွနေတဲ့ ဟန်ပန်တွေက...

7.11.13

ကျိန်စာသင့်တဲ့ အသိုက်

''ကိုသန်းလှိုင်ကြီး ဆုံးပြီ … '' မနက်စောစော ကြားလိုက်ရတဲ့ သတင်းဆိုးက ရွာတော်ရွာတစ်ရွာလုံးကို အံ့အားသင့်သွားစေတယ်။  ''မနေ့က ငါနဲ့တွေ့တုန်းက အကောင်းကြီးပါ … သနားစရာ''လို့ စုတ်တသပ်သပ်နဲ့ဆိုတဲ့သူတွေရယ်။ ''အင်း … ဆိုးလိုက်တဲ့ကံနှယ် … ဝဋ်ကျွတ်သွားတာပေါ့ကွယ် … ''လို့ တရားသဘောနဲ့ဆိုတဲ့ လူကြီးသူမတွေရယ်။ ''အရက်ဒီလောက်သောက်နေတာ … နှလုံးလေရိုက်သွားတာဖြစ်ရမယ် … ''လို့ မှန်းဆပြောတဲ့ ဆေးဆရာရမ်းကုတွေရယ်။ ''ဒါ အစိမ်းသေလို့ ခေါ်တယ် … သရဲစားတာနေမှာ … ''လို့ ကိုယ်ထင်ရာ၊ မြင်ရာ ပြောတဲ့ ကာလသားတွေရယ်နဲ့ ရွာတော်ရွာမှာ ဒီသတင်းက တစ်စ တစ်စနဲ့ တောမီးလို့ ပျံ့နှံ့လို့...

5.11.13

အလင်းမဲ့ည

“ဟဲ့… ကလေးတွေ ရေတွေမဆော့ပါနဲ့ဆို ဘယ်နှစ်ခါပြောရမလဲ ၊ အအေးပက်ကုန်တော့မှာပဲ“                      မသိန်းနွဲ့က မီဖိုချောင်းထဲမှာ ထမင်းအိုးငှဲ့နေရင်း လှမ်းအော်လိုက်၏။ ကလေးငယ်သုံးယောက်က မအေ့စကားကို နားမထောင်အား အိမ်ရှေ့တံစက်မြိတ်အောက်ရှိ ရေစည်ပိုင်းထဲမှ ရေများကို ဗွမ်းဗွမ်းဆော့၏။ ရွှဲရွှဲစို၏။ ပြဲပြဲအော်၏။ “ဟဲ့… ပြောလို့မရဘူးလား၊ ဆော့ကြ ဆော့ကြ နင်တို့ပထွေးဆေးဆရာကိုမြသောင်းကိုပဲ...

22.9.13

အလင်းတစ်ခု၏အမှောင်ခြမ်း

                  ''ကိုကျော်နိုင်ကို စိတ္တဇဆေးရုံကို ပို့လိုက်ရပြီတဲ့ … ''                    မောင်စိုး၏ အဆက်အစပ်မရှိသည့် စကားကြောင့် ကိုစိုပြေ မျက်လုံးပြူး ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး လက်ထဲက သောက်လက်စ အရက်ခွက်ကို စားပွဲပေါ်သို့ ခွက်ခနဲ ဆောင့်ချလိုက်သည်။ တက်တစ်ချက်လည်း...

18.8.13

တောင်မှာ မိုးတွေညို့ရင် ...

                     ''အရှေ့ဘက်ကွက်သစ်မှ မမြရင် မလေးရှားမှ ကိုလမ်းဘို ဖုန်းလာနေလို့ အခုအမြန်ဆုံး ရောက်အောင်လာခဲ့ပါ'' ရွာလည် ဓာတ်စက်ဆီမှ အော်သံကြားတာနဲ့ တပြိုင်နက် မမြရင်တစ်ယောက် ကခုန်မတတ် အပျော်ကြီး ပျော်သွားရတယ်။ အခုလို နေဝင်မိုးချုပ်ဆို မလေးရှားက ဘယ်သူများ ဖုန်းဆက်လေမလဲလို့ စောင့်မျှော်ကြရတာ ရွာတော်ရွာတစ်ရွာလုံး ထုံးစံလိုလိုကို ဖြစ်နေပြီမဟုတ်လား။...

11.8.13

ရေခဲချောင်းသည်ကြီး

''ကလင် … ကလင် … ကလင်'' ''အုန်းမွှေးလုံး၊ ဓားလှီး၊ နို့မလှိုင်၊ သံပရာပေါင်း … '' အညာနွေရဲ့ နေပူကျဲကျဲမှာ လေးလေးပင်ပင် ဆွဲအော်လိုက်တဲ့ အသံက တိတ်ဆိတ်နေတဲ့ ရွာတော်ရွာတစ်ရွာလုံးကို တန့်လန့်လှုပ်နှိုးလိုက်သလိုပါပဲ။ အထူးသဖြင့် ကလေးသူငယ်တွေ လှုပ်လှုပ်ရွရွဖြစ်ကုန်တယ်။ ခွက်ဆွဲသူဆွဲ၊ ငိုယိုသူငို၊ မအေဆီ ရေခဲချောင်းဖိုးမပေးလို့ ဂျီကျသူကျနဲ့ ပွက်လောရိုက်ကုန်တော့တာပဲ။ ကွက်ပျစ်ပေါ်မှာ ငိုက်မြည်းနေတဲ့ ဘကြီး၊မေကြီးတွေ လန့်နိုးကုန်တယ်။ အိမ်အောက်မှာ သက်ကယ်ပျစ်နေတဲ့ အပျိုမတစ်သိုက်လည်း...

22.5.13

ဝေဖန်မှု

အဲဒီလက်နက်က စိတ်ဓာတ်ကို ပရမ်းပတာ ထိုးနှက် ခေါင်းမဖော်ဝံ့အောင် ခြေမှုန်းဖျက်ဆီးတယ...

20.5.13

လူ

ပြောသင့်၊ မပြောသင့်၊ စားသင့်၊ မစားသင့် မသိ ပါးစပ်ကို လိုတာထက် ပိုလှုပ်ရှားခိုင်းတယ် … ကောင်းကောင်း၊ မကောင်းကောင်း အကျိုးရှိရှိ၊ မရှိရှိ မစဉ်းစား လျှာကို လိုတာထက် ပိုအလုပ်ပေးတယ်...

16.5.13

ဇာတ်မင်းသားဖြစ်လို့ကတော့ ...

''စဥ့်အိုးကို အိမ်မြှောင်ကပ်နေတယ်ဟေ့ … '' ကိုကျော်မိုးအသံကြောင့် မဟာနွယ်လက်ဘက်ရည်ဆိုင်ထဲက လူတွေအကုန်လုံး တခွီးခွီးရယ်ကြတယ်။ ဘာဖြစ်ရမှာလဲ။ လူကောင်ကြီးထွားတဲ့ တုတ်ကြီးနဲ့ သူ့မိန်းမအသေးလေးတို့ လက်ဘက်ရည်ဆိုင်ထဲ ဝင်လာတာကို စဥ့်အိုးကို အိမ်မြှောင်ကပ်နေတယ်လို့ လှမ်းစလိုက်တာ။ တုတ်ကြီးတို့ လင်မယားလည်း ရှက်လွန်းလို့ မျက်နှာတွေ ရဲခနဲဖြစ်သွားတယ်။ ကိုကျော်မိုးဆိုတဲ့လူက အဲဒီလိုလူပါဆို။ အစအနှောက်အရမ်းသန်တာ။ ပျော်တတ်တာလည်း ပါမှာပေါ့။ ကိုကျော်မိုးအကြောင်း မသိသူတွေကတော့ လူပျော်ကြီး၊...

22.4.13

သူငယ်ချင်း

သူငယ်ချင်း မင်းအပြုံးတွေ အသက်မပါတော့ဘူး လောကကြီးကို စိတ်နာနေတယ်ဆိုတာ ငါ သိတယ်။ သူငယ်ချင်း မင်းမျက်လုံးတွေ အရောင်မလက်တော့ဘူး တစ်ခုခုကို စိုးရိမ်နေတယ်ဆိုတာ ငါ သိတယ...

3.4.13

သံယောဇဉ်ဆွဲအားက ကမ္ဘာမြေဆွဲအားထက်ပိုတယ် ...

ဟူး . . . ခဏခဏပြုမူမိတဲ့ သက်ပြင်းချသံတွေထဲမှာ နှလုံးသားဆီက ပွင့်အန်လာတဲ့ စာနာမှုတွေ တစ်ထွေးကြီးပါလာလေရဲ့။ ပြီးပါပြီလို့ စာတမ်းမထိုးမချင်း အနိမ့် အမြင့် အတက် အကျ အနိုင် အရှုံး အကွေ့ အဝိုက် တွေကြားမှာ ရင်တသိမ့်သိမ့်ခုန်နေရတယ်။ မျက်စိမှိတ်ထားတာ မမြင်ရက်လို့ နားပိတ်ထားတာ မကြားဝံ့လို့ နှုတ်ဆိတ်ထားတာ မပြောချင်လို့ ဒါပေမဲ့ ဖုံးဖိလို့မရတဲ့ နှလုံးသားတစ်စုံက မာယာကြောမှာ တွ့န်တွန့်လူးပေါ...

25.3.13

လူတွေအတွက် လူတွေငြိမ်သက်ပေးပါ

ကဗျာတစ်ပုဒ်ရေးချင်မိရဲ့ စိတ်အာရုံတွေ စုစည်းလို့မရ အဖြစ်အပျက်တွေကြားမှာ ငါ့စိတ်တွေ ထွေးပြား အရူးတစ်ပိုင်း ဖြစ်နေပေါ့ ကျေးဇူးပြုပြီး ငါအိပ်ရေးဝဝ အိပ်ခွင့်ရချင်တယ်။ တချို့က မီးစိမ်းတွေ လင်းနေကြ တချို့က အလင်းမပြပေမဲ့ အမှား အမှန် ဟုတ် မဟုတ် စမ်းတဝါးဝါးနဲ့ အဖြေညှိနေကြ ငြင်းခုန်နေကြ ဒေါပွနေကြ ဖြားယောင်းမှုတွေကြားမှာ ငါတို့လမ်းပျောက်နေပြ...

9.2.13

လောင်မြိုက်ခြင်း၏နောက်ကွယ်

                      မြို့သစ်ဘက် ချောင်ကျကျ နေရာတစ်ခုရှိ ခြံဝင်းရှေ့တွင် ဆိုင်ကယ်ကို တုံ့ခနဲ့ရပ်လိုက်သည်။  ခြံဝင်းထဲတွင် တစ်ထပ်တိုက်တစ်လုံးကို တွေ့ရသည်။ တိုက်မှာ အဖြူဟုဆိုနိုင်သော်လည်း နံရံပေါ်တွင် ရောင်စုံမှုတ်ဆေးဖြင့် အင်္ဂလိပ်စာလုံးများရေးထားသလို မည်သည့်အဓိပာယ်မှန်းမသိနိုင်သော ကြောင်ကြောင်းကြားကြား အစင်းကြောင်းများ ရေးခြစ်ထားသည်ကိုလည်း...

6.1.13

တုတ်တုတ်ကို မလှုပ်ဘူး

                     ကိုစိန်မင်းတို့ အိပ်နေလိုက်တာများ တုတ်တုတ်ကို မလှုပ်ဘူး … တစ်နေ့ကုန် အပြင်ထွက် ကုန်းရုန်းရှာနေရလို့ မောပမ်းပြီး အိပ်မောကျနေတာနေမှာ … အို … ယောက်ျားပဲ သူများသားသမီး ယူထားပြီးရင်တော့ လုပ်ကျွေးရမှာပေါ့ … မသနားနိုင်ပါတော် … ခင်တင့်တို့ကတော့ သနပ်ခါး ခြေဆုံး ခေါင်းဆုံးလိမ်းပြီး ယောက်ျားရှာဖွေလာသမျှ အခန့်သား ထိုင်စားနေရုံပဲ … သူအလုပ်သွားရင်...

28.12.12

ဘ၀နှင့်ရင်း၍ ...

 “ဘာ … ဘာရယ် … ပြန်ပြောစမ်းပါအုံး … “                      မျှော်လင့်မထားသော စကားကြောင့် အံအားသင့်ကာ ခပ်သွက်သွက်လေး ပြန်မေးမိသည်။  “ဟုတ်တယ်ဆရာ … ကုတင်နံပါတ်(၃)က မွေးလူနာက ကလေးကို ထားခဲ့ပြီး လစ်ပြေးသွားပြီ“                       သူနာပြုဆရာမ...

3.11.12

နှင်းဆွတ်ဆွတ်လမ်း

                     ရွှေဥမင်လှိုဏ်ဂူတည်ရှိရာ တောင်တန်းကြီးပေါ်သို့ နှင်းမှုန်တို့က ဇာပ၀ါပါးလေးအလား လွှမ်းခြုံထားသဖြင့် ခပ်ရေးရေး ခပ်မှေးမှေးနှင့် ငွေရောင်တောင်တန်းကြီးအဖြစ် တည်ရှိနေသည်။ ထိုတောင်တန်းကြီးနောက်ခံဖြင့် ပုန်းတလုပ်ကန်ကြီးမှာ စာဖွဲ့မမီအောင် လှချင်တိုင်း လှနေ၏။                   ...

15.10.12

အကြောင်းကြောင်းကြောင့်

                 မြေပြင်ကို စုန်ကန်ပြီး ကောင်းကင်သို့ အရှိန်ယူကာ ပျံတက်သွားသော လေယာဉ်ကြောင့် ရင်ထဲတွင် တစ်ခုမှ မကျန်တော့သလို ဟာခနဲ ခံစားလိုက်ရသည်။ ပြူတင်းပေါက်မှန်မှတဆင့် အောက်သို့ လှမ်းကြည့်မိသည်။ အပြာရောင် ပင်လယ်လှိုင်းက ကမ်းခြေအား ဒေါသတကြီး ရိုက်ပုတ်နေသည်ကို တိမ်တိုက်များကြားမှ မပီဝိုးတ၀ါး လှမ်းမြင်နေရသည်။ လေယာဉ်သည် အမြင့်သို့ ပျံတက်သွားလေလေ ပင်လယ်ပြင်သည် မှုန်၍...

13.9.12

နောက်ဆက်တွဲ သတင်း

                     သတင်းထူးတစ်ပုဒ်ကို စပြီး သယ်ဆောင်လာသူက လော်စပီကာ ဒေါ်ချစ်ပါပဲ …  တစ်ရွာလုံးရဲ့သတင်း၊ အတင်းတွေကို စွာကျယ်စွာကျယ်နဲ့ တစ်အိမ်ဆင်းတစ်အိမ်တက် ဖြန့်ဝေတတ်လို့ တစ်ရွာလုံးက လောစပီကာဆိုတဲ့ ဘွဲ့ထူးကို တညီတညွှတ်တည်း ပေးအပ်ခြင်းခံရတဲ့ ဒေါ်ချစ်။ ဒေါ်ချစ်ကလည်း ဒေါ်ချစ်။ ဟိုကောင်မတော့ ပထွေးနဲ့ တိတ်တိတ်ပုန်းညားနေသတဲ့၊ ဘယ်လင်မယားတော့ နှစ်လုံးတွက်ကြရင်း...

10.9.12

သော့ချိတ်

                                                            (က)                     ...

24.6.12

မေတ္တာနှောင်ကြိုး

                                                      အခန်း(၁)                         လုံးဝထင်မှတ်မထားသော...